
မနှစ်ကရာသီက ကစားကွက်မပြောင်းလဲခဲ့တဲ့ မှားယွင်းခဲ့မှုအပေါ် သင်ခန်းစာယူခဲ့ကြောင်း နည်းပြအာမိုရင်က ပြောသွားပါတယ်။
ပေါ်တူဂီနည်းပြဟာ နယူးကာဆယ်ကို အနိုင်ရတဲ့ပွဲမှာ ပထမဆုံးအကြိမ် ၄ ယောက်တန်းခံစစ် ပြောင်းလဲ ပွဲထွက်ခဲ့ပြီး ရလဒ်ကောင်း ရယူနိုင်ခဲ့တာပါ။
ယူနိုက်တက်အသင်း အနေနဲ့ ကောင်းမွန်အောင် ကစားနိုင်ချိန်မှာ အနိုင်ရလဒ်တွေအတွက် ကစားကွက် ပြောင်းလဲရမဲ့ အချိန်ဖြစ်တယ်ဆိုတာ သိရှိကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
အသင်းရဲ့ စွမ်းဆောင်ရည် တိုးတက်ဖို့အတွက် မနှစ်က အမှားတွေကိုလည်း သင်ခန်းစာယူခဲ့ပြီး ပြောင်းလဲမဲ့ ကစားကွက်အပေါ်မှာလည်း လေ့လာမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်ကြောင်း နည်းပြအာမိုရင်က ပြောသွားပါတယ်။


