
အနိုင်ရရှိလိုတဲ့စိတ်ကြောင့် ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ကြောင်း တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ပြောပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ မန်ယူကနေ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားနေတာဖြစ်ပေမဲ့ အသင်းဟောင်းဆီ ပြန်သွားလို့တဲ့ဆန္ဒ မရှိတော့ဘဲ ဘာစီလိုနာမှာ ဆက်ကစားဖို့ ဆန္ဒရှိနေသူပါ။
ဘာစီလိုနာအသင်းဟာ အနိုင်ရရှိလိုတဲ့အသင်းအဖြစ် လူသိများပြီး မိမိဟာလည်း အနိုင်ရရှိလိုတဲ့ စိတ်ရှိသူဖြစ်လို့ နူးကမ့်ဆီ ပြောင်းရွှေ့လာခဲ့တာလို့ ရက်ရှ်ဖို့ဒ်က ပြောပါတယ်။
အနိုင်ရရှိလိုတဲ့အသင်းမှာရှိတဲ့ ဖိအားက ကောင်းမွန်တဲ့ဖိအားဖြစ်ပြီး အဲဒီလိုဖိအားမရှိတဲ့ အသင်းတသင်းမှာ ကစားဖို့အတွက်တော့ မိမိအတွက် စိတ်ဓာတ်လှုံ့ဆော်မှု မရှိကြောင်း ရက်ရှ်ဖို့ဒ်က ပြောပါတယ်။
ဘာစီလိုနာအသင်းဟာ မိမိရဲ့ ကစားသမားဘ၀ ရှေ့ဆက်ဖို့အတွက် အကောင်းဆုံး ပတ်ဝန်းကျင်လည်း ဖြစ်ကြောင်း ရက်ရှ်ဖို့ဒ်က ပြောသွားပါတယ်။


