
လီဗာပူးတိုက်စစ်မှူး အလက်ဇန်ဒါအစ်ဆက်ခ်ဟာ ခြေထောက်ရိုးကျိုးသွားခဲ့တာကြောင့် ခွဲစ်ိတ်ကုသမှု ခံယူခဲ့ရ ပါတယ်။
ဆွီဒင်တိုက်စစ်မှူးဟာ စပါးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူစားဝင်ကစားပြီး တဂိုးသွင်းခဲ့ပေမဲ့ မိနစ်အနည်းငယ်အကြာမှာပဲ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရတာပါ။
အစ်ဆက်ခ်ဟာ စပါးနောက်ခံလူ ဗန်ဒီဗန်ရဲ့ ဖျက်ထုတ်မှုကြောင့် ဘယ်ဘက်ခြေချင်းဝတ်မှာ ဒဏ်ရာရရှိခဲ့ပြီး အရိုးကျိုးသွားတယ်လို့ မထင်ခဲ့ပေမဲ့ ဓာတ်မှန်ရိုက် စစ်ဆေးအပြီးမှာ ခြေသလုံးရိုး ကျိုးသွားခဲ့တာကို တွေ့ရှိခဲ့ရတာပါ။
အစ်ဆက်ခ်ရဲ့ ခြေသလုံးရိုးအောက်ပိုင်းနဲ့ ခြေချင်းဝတ်ဒဏ်ရာကို အောင်မြင်စွာ ခွဲစိတ်ကုသခဲ့ကြောင်းလည်း လီဗာပူးဘက်က ထုတ်ပြန်ပါတယ်။
ဒီလိုဒဏ်ရာမျိုးက ပုံမှန်အားဖြင့် အနည်းဆုံး ၃ လခန့် အနားယူရနိုင်ပြီး လာမဲ့မတ်လအတွင်းမှာ ပြန်လည်ကောင်းမွန်လာဖို့ ရှိတယ်လို့ သိရပါတယ်။


