
ဖီဖာက ရွေးချယ်တဲ့ အကောင်းဆုံးအသင်းမှာ အသင်းတိုက်စစ်ကစားသမား ရာဖင်ညာ မပါဝင်ခဲ့တာက ရယ်စရာကောင်းကြောင်း ဘာစီလိုနာနည်းပြ ဟမ်ဆီဖလစ်ခ်က ဝေဖန်သွားပါတယ်။
ဖီဖာကရွေးချယ်တဲ့ နေရာအလိုက် အကောင်းဆုံး ၁၁ ယောက်စာရင်းမှာ ဘာစီလိုနာက ကွင်းလယ်လူ ပတ်ဒရီနဲ့ တိုက်စစ်ကစားသမား လာမိန်းယာမဲလ်တို့ ပါဝင်ခဲ့ပေမဲ့ မနှစ်က ဘာစီလိုနာရဲ့ အကောင်းဆုံးကစားသမားဖြစ်သူ ရာဖင်ညာ မပါဝင်ခဲ့တာပါ။
ဖီဖာနဲ့ သူတို့ရွေးချယ်ခဲ့တဲ့ အကောင်းဆုံးအသင်းက အမှန်တကယ် ရယ်စရာကောင်းကြောင်းနဲ့ ရာဖင်ညာ မပါဝင်တဲ့အပေါ် မယုံကြည်နိုင်အောင် ဖြစ်မိပြီး သူဟာ မနှစ်ရာသီက အသင်းအပေါ် လွှမ်းမိုးနိုင်ခဲ့တဲ့ အကြီးကျယ်ဆုံး ကစားသမားဖြစ်ကြောင်း ဘာစီလိုနာနည်းပြ ဟမ်ဆီဖလစ်ခ်က ပြောပါတယ်။
ရာဖင်ညာဟာ မနှစ်က ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၅၇ ပွဲမှာ ၃၄ ဂိုးသွင်းပြီး ၂၂ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့သူ ဖြစ်ပါတယ်။


