
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ချီးမြှင့်တဲ့ အကောင်းဆုံး ဘောလုံးကစားသမားဆုကို ပီအက်စ်ဂျီ တိုက်စစ်မှူး အူစမန်နီဒမ်ဘီလီက ရရှိသွားပါတယ်။
ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်တဲ့ ဘလွန်းဒီအောဆုကို ရယူနိုင်ခဲ့တဲ့ ဒမ်ဘီလီဟာ ဖီဖာကချီးမြှင့်တဲ့ တနှစ်တာအကောင်းဆုံး ကစားသမားဆုကိုလည်း ထပ်မံရယူနိုင်ခဲ့တာပါ။
ဒမ်ဘီလီဟာ မနှစ်ကရာသီမှာ ပီအက်စ်ဂျီကို ပထမဆုံး အကြိမ် ဥရောပချန်ပီယံလိဂ်ဆုဖလားရရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို အမှတ်ပေးဖလားနဲ့ ပြည်တွင်း ဆုဖလားတွေလည်း ရရှိအောင်ကူညီပေးခဲ့သူပါ။
အမျိုးသမီးအကောင်းဆုံးကစားသမားဆုကို စပိန်နဲ့ ဘာစီလိုနာကစားသမား ဘွန်မာတီကပဲ ၃ နှစ်ဆက်တိုက် ရရှိပါတယ်။
အကောင်းဆုံးအသင်းမှာ ပရီးမီးယားလိဂ်က ၃ ယောက်ပဲ ပါဝင်ပြီး ဂိုသမား ဒွန်နာရမ်မာ၊ ချဲလ်ဆီးက ကိုးလ်ပါလ်မာနဲ့ လီဗာပူးက ဗန်ဒိုက်တို့ပဲ ရွေးချယ်ခံရပါတယ်။
ခံစစ်တန်းမှာ ဗန်ဒိုက်နဲ့အတူ ပီအက်စ်ဂျီ နောက်ခံလူတွေ ဖြစ်တဲ့ မန်ဒက်စ်၊ ပါချိုနဲ့ ဟာကီမီတို့ ပါဝင်ပါတယ်။
ကွင်းလယ်မှာ ပီအက်စ်ဂျီက ဗီတင်ညာနဲ့ ဘယ်လင်ဂမ်၊ တောင်ပံနှစ်ဖက်မှာ ပါလ်မာနဲ့ ပတ်ဒရီ၊ တိုက်စစ်နေရာမှာ ဒမ်ဘီလီနဲ့ ဟာလန်းတိုက ဖီဖာရဲ့ အကောင်းဆုံးအသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။


