
ဘရာဇီးနဲ့ ဆန်းတို့စ်အသင်း တိုက်စစ်မှူး နေမာရဲ့ ဒူးဒဏ်ရာခွဲစိတ်မှု အောင်မြင်ခဲ့တယ်လို့ ဆန်းတို့စ်အသင်းက ထုတ်ပြန်ပါတယ်။
နေမာဟာ ပြီးခဲ့တဲ့တရာသီလုံးမှာ ဘယ်ဘက်ဒူးဒဏ်ရာကြောင့် စိတ်တိုင်းကျ ကစားနိုင်ခြင်း မရှိခဲ့ဘဲ ရုန်းကန်ခဲ့ရတာပါ။
လက်ရှိအချိန်မှာတော့ ဒဏ်ရာခွဲစိတ်မှု အောင်မြင်ခဲ့တဲ့အတွက် လာမဲ့နှစ် ဖေဖော်ဝါရီလလောက်မှာ ပြန်ကစားနိုင်ဖို့ ပစ်မှတ်ထားနေပြီး ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်ဖို့ မျှော်လင့်ချက်ရှိလာမှာ ဖြစ်ပါတယ်။
နေမာဟာ ဒဏ်ရာအကင်းမသေသေးပေမဲ့ ဆန်းတို့စ်အသင်းရဲ့ ဘရာဇီးလိဂ်မှာ တန်းတင်ကျန်ရစ်ရေး အိပ်မက်ကို ၅ ဂိုးသွင်းပြီး ကူညီနိုင်ခဲ့ပါတယ်။
ဆန်းတို့စ်နဲ့ အခုနှစ်အကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပေမဲ့ သက်တမ်းတိုးဖို့ ဆွေးနွေးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
နေမာဟာ ဘရာဇီးအသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ၁၂၈ ပွဲမှာ ၇၉ ဂိုး သွင်းယူထားပြီး ဘရာဇီးမှာ ပြန်လည်ရွေးချယ်ခံရမယ်ဆိုရင် စံချိန်တင်သွင်းဂိုးတွေ ထပ်မံရယူသွားဖို့ ရှိပါတယ်။


