
မန်ယူကွင်းလယ်ကစားသမား ကိုဘီမိန်နူး ခြေစွမ်းပြလာတဲ့အပေါ် နည်းပြ အာမိုရင် အရှက်ရသင့်ကြောင်း အင်္ဂလန်တိုက်စစ်မှူးဟောင်း အီရန်ရိုက်က ပြောသွားပါတယ်။
မိန်နူးဟာ ပေါ်တူဂီနည်းပြလက်ထက်မှာ တပွဲသာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ဖူးပြီး အရန်ခုံမှာပဲ ထိုင်နေခဲ့ရတာပါ။
နည်းပြကာရစ် ရောက်ရှိလာချိန်က စတင်ပြီး ပွဲထွက်ခွင့်ရလာကာ ခြေစွမ်းပြလာတဲ့ မိန်နူးဟာ စပါးကို အနိုင်ရခဲ့တဲ့ပွဲမှာလည်း အကောင်းဆုံးစွမ်းဆောင်ရည်ကို ဆက်လက်ပြသနိုင်ခဲ့တာပါ။
မိန်နူးဟာ အလွန်ကောင်းမွန်တဲ့ ကစားသမားဖြစ်တယ် ဆိုတာ ပြသနေပြီး ဒီအချက်က သူ့ကို အသုံးမပြုခဲ့တဲ့ နည်းပြအာမိုရင်အတွက် အရှက်ရစရာဖြစ်ကြောင်း အီရန်ရိုက်က ပြောပါတယ်။
နည်းပြကာရစ်ကလည်း မိန်နူးဟာ အသက်ငယ်ရွယ်နေဆဲ ကစားသမား ဖြစ်ပေမဲ့ သူ့ရဲ့စွမ်းဆောင်ရည်နဲ့ အသင်းအပေါ် ယူဆောင်ပေးနိုင်မှုတွေအပေါ် သံသယဖြစ်စရာမရှိကြောင်း ချီးကျူးသွားပါတယ်။


