
ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်နည်းပြ ကာရစ်ဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲ ၉ ပွဲမှာ ရလဒ်အကောင်းဆုံးနည်းပြစံချိန်နဲ့ တူညီခဲ့ပါတယ်။
အသက် ၄၄ နှစ်အရွယ် ကာရစ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို နည်းပြအဖြစ် စပြီး တာဝန်ယူချိန်ကစလို့ ၆ ပွဲနိုင် ၁ ပွဲသရေကျအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလတုန်းက နည်းပြဆိုးရှား ထုတ်ပယ်ခံရချိန် မန်ချက်စတာယူနိုက်တက်ကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ၂ ပွဲမှာလည်း အာဆင်နယ်ကို အနိုင်၊ ချဲလ်ဆီးကို သရေကစားနိုင်ခဲ့ပါတယ်။
အဲဒါကြောင့် ပရီးမီးယားလိဂ်နည်းပြအဖြစ် ဆောင်ရွက်ခဲ့တဲ့ ပထမဆုံး ၉ ပွဲမှာ ရမှတ် ၂၃ မှတ် ရရှိခဲ့တာဖြစ်ကာ စပါးနည်းပြဟောင်း ပိုစတီဂိုကလူရဲ့ စံချိန်နဲ့ တူညီခဲ့တာ ဖြစ်ပါတယ်။
အမှတ်ပြည့် ၂၇ မှတ်မှာ ၂၃ မှတ် ရရှိခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်အသင်းတွေကို စတင်ကိုင်တွယ်တဲ့ နည်းပြတွေအနက် ရလဒ်အကောင်းဆုံး ရမှတ်ပဲ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယားမှာ ရမှတ် ၅၁ မှတ်နဲ့ အဆင့် ၃ နေရာကို ရောက်ရှိလာပါတယ်။
ဒါဟာ ၂၀၂၂-၂၃ ရာသီက အသင်းကို နည်းပြတန်ဟတ် တာဝန်ယူချိန်ကစပြီး အမှတ်ပေးဇယားမှာ ထိပ်ဆုံး ၃ သင်းနေရာကို ပထမဆုံးအကြိမ် ပြန်ရောက်ခဲ့တာ ဖြစ်ပါတယ်။


