Home
အားကစား
တန်းမဆင်းရရေး လက်ကျန်ပွဲများ အာရုံစိုက်ရန် နော်တင်ဟမ်နည်းပြပြော
DVB
·
March 2, 2026
Photo: Reuters

တန်းမဆင်းရဖို့အတွက် လက်ကျန်ပွဲစဉ်တွေကို အာရုံစိုက်ဖို့လိုကြောင်း နော်တင်ဟမ်နည်းပြ ပါရဲယားက ပြောပါတယ်။

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ပွဲစဉ် ၂၈ မှာ ဘရိုက်တန်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ ၅ ပွဲဆက် နိုင်ပွဲပျောက်ဆုံးကာ တန်းဆင်းဇုန်အထက် ၂ မှတ်အကွာမှာပဲ ရှိပါတော့တယ်။

ဒါဟာ နည်းပြသစ် ပါရဲယ်ရားအတွက် ၃ ပွဲမြောက် လိဂ်ပွဲစဉ်ဖြစ်ပေမဲ့ အခုထိ နိုင်ပွဲမရသေးဘဲ အသင်းဟာ အဆင့် ၁၇ နေရာအထိ ကျဆင်းသွားတာပါ။

နည်းပြ ပါရဲရားကတော့ ဇယားအဆင့်ကို ကြည့်မနေဘဲ ရှေ့မှာရှိတဲ့ ပွဲစဉ်တွေကိုပဲ အာရုံစိုက်ပြီး အကောင်းဆုံး ပြင်ဆင်သွားမယ်လို့ ပြောပါတယ်။

လက်ရှိ တန်းဆင်းဇုန်တိုက်ပွဲမှာ ဝက်စ်ဟမ်းက ရမှတ် ၂ မှတ်အကွာနဲ့ ဖိအားပေးနေသလို ဘန်လေနဲ့ ဝုလ်ဗ်အသင်းတို့ကတော့ တန်းဆင်းဖို့ အနီးစပ်ဆုံး ဖြစ်နေတာပါ။

ကျန်ရှိနေတဲ့ လိဂ်ပွဲစဉ် ၁၀ ပွဲမှာ ဖောရက်စ်အနေနဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေကြားထဲက ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့ ရမှတ်တွေ အရေးတကြီး လိုအပ်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013