
ဒဏ်ရာကြောင့် ပွဲမကစားနိုင်တာ လအတန်ကြာရှိနေပြီဖြစ်တဲ့ ဘာစီလိုနာ ကွင်းလယ်ကစားသမား ဂါဗီကို နည်းပြဟန်စီဖလစ်ခ်က တနင်္ဂနွေနေ့မှာ ဆီဗီလာနဲ့ ကစားမဲ့ လာလီဂါ အိမ်ကွင်းပွဲအတွက် အသင်းလူစာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။၊
ဂါဗီဟာ ၂၀၂၅ ခုနှစ် စက်တင်ဘာလမှာ ခြေထောက်ဒူးခေါင်း ခွဲစိတ်ကုသမှု ပြုလုပ်ပြီးနောက် ၄ လလောက် မကစားနိုင်ခဲ့ပြီးနောက် လူစာရင်းမှာ ပြန်လည် ပါဝင်လာခဲ့တာပါ။
အသက် ၂၁ နှစ်ရှိတဲ့ ကစားသမားဟာ ကြောရိုးနဲ့ဆိုင်တဲ့ ခွဲစိတ်ကုသမှုခံယူခဲ့အပြီး ကာလရှည်ကြာ ပြန်လည်သန်စွမ်းရေး လုပ်ငန်းစဉ်ကို အောင်မြင်စွာ ပြီးဆုံးပြီးနောက် ပြန်လည်ကစားနိုင်ဖို့ ခွင့်ပြုချက် ရရှိခဲ့တာပါ။
နည်းပြ ဖလစ်ကလည်း စပိန်ကစားသမားကို ပြန်လည် အသင်းလူစာရင်းထဲမှာ ပြန်လည် ပါဝင်လာနိုင်တာကို အလွန်ဝမ်းသာမိတယ်လို့ ပြောပါတယ်။
ဂါဗီပြန်လာတာက ဘာစီလိုနာအတွက် အချိန်မှန် အားဖြည့်မှုတခု ဖြစ်လာပြီး၊ အသင်းမှာ ကွင်းလယ်ကစားသမား ဖရန်ကီဒီဂျုန်းကတော့ကတော့ ဒဏ်ရာကြောင့် မပါဝင်နိုင်သေးပါဘူး။
ဘာစီလိုနာအသင်းက လာလီဂါမှာ အဆင့် ၁၄ နေရာရှိတဲ့ ဆီဗီလာကို အိမ်ကွင်းမှာ လက်ခံကစားမှာဖြစ်ပြီး၊ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ဆက်လက် ထိန်းထားနိုင်ဖို့ ကြိုးစားနေပါတယ်။
Source: Reuters


