
မန်ချက်စတာယူနိုက်တက်ဟာ ဘာစီလိုနာမှာ အငှားနဲ့ သွားရောက်ကစားနေတဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ပြောင်းရွှေ့ကြေးကို လျှော့ချေပေးဖို့ ဘာစီလိုနာဘက်က တောင်းဆိုမှုကို ပြတ်ပြတ်သားသား ငြင်းပယ်လိုက်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းအတွက် ဒီရာသီမှာ သွင်းဂိုး ၁၀ ဂိုး၊ ဂိုးဖန်တီးမှု ၁၄ ကြိမ်အထိ ပြုလုပ်ပြီး အသင်းရဲ့ အဓိကကစားသမားတယောက်အဖြစ် ခြေစွမ်းပြနေတာပါ။
လက်ရှိစာချုပ်အရ သူ့ကို ပေါင် ၂၆ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့် ပါရှိပေမဲ့ ဘာစီလိုနာဘက်က ဘဏ္ဍာရေး အခက်အခဲကြောင့် ဒီထက်သက်သာတဲ့ စျေးနဲ့ ညှိနှိုင်းချင်နေတာပါ။
ရက်ရှ်ဖို့ဒ်ဟာ လက်ရှိမှာ ဒူးဒဏ်ရာကြောင့် ဘာစီလိုနာအသင်းရဲ့ နောက်ဆုံး ၂ ပွဲကို လွဲချော်ထားပြီး ဒဏ်ရာအခြေအနေကလည်း သူ့ရဲ့ အမြဲတမ်း အပြောင်းအရွှေ့အပေါ် သက်ရောက်နိုင်မလားဆိုပြီး စိုးရိမ်နေပါတယ်။
ရက်ရှ်ဖို့ဒ် ကိုယ်တိုင်ကတော့ ဘာစီလိုနာအသင်းမှာ ဆက်လက်နေနိုင်ဖို့ လစာလျှော့ယူဖို့အထိ ဆန္ဒရှိပေမဲ့ အသင်း ၂ သင်းကြား ဆွေးနွေးမှုကတော့ လာမဲ့နွေရာသီအထိ ဆက်လက် တင်းမာဖွယ် ရှိနေပါတယ်။


