Home
အားကစား
ဝိန်းရွန်းနီ၏သားဖြစ်သူ ကိုင်ရွန်းနီ မန်ယူ ယူ-၁၆အသင်းအတွက် တပွဲတည်း ၄ ဂိုးသွင်းယူ
DVB
·
February 8, 2026
Photo: Kai Rooney Instagram

မန်ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီရဲ့ သားဖြစ်သူ ကိုင်ရွန်းနီဟာ ယူ-၁၆ အသင်းမှာ ခြေစွမ်းပြနေပြီး နောဝှစ်ချ်လူငယ်အသင်းနဲ့ပွဲမှာ တဦးတည်း ၄ ဂိုးသွင်းခဲ့ပါတယ်။

ယူနိုက်တက် ယူ-၁၆အသင်းက နောဝှစ်ချ်ယူ-၁၆ သင်းကို ၆ ဂိုး ၄ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ကိုင်ရွန်းနီက ၄ ဂိုး သွင်းယူနိုင်ခဲ့တာပါ။

ကျောနံပါတ် ၇ ဝတ်ဆင်တဲ့ ကိုင်ရွန်းနီဟာ ရှုံးထွက်ဖလားဆီမီးဖိုင်နယ်မှာ ၄ ဂိုး သွင်းခဲ့ကြောင်း ပရိသတ် ၆ သိန်းကျော်ရှိတဲ့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ တင်ထားပြီး ကျောနံပါတ် ၇ ပါ ဂျာစီနဲ့ အဝတ်လဲခန်းမှာ ရိုက်ထားတဲ့ဓာတ်ပုံနဲ့ အတူ တင်ခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ ကိုင်ရွန်းနီကို တနှစ် လုပ်ခ ပေါင် ၅၀,၀၀၀ နဲ့ စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားကြောင်း သတင်းတွေထွက်ပေါ်အပြီးမှာ ကိုင်ရွန်းနီကလည်း သူ့ရဲ့စွမ်းဆောင်ရည်ကို သွင်းဂိုးတွေနဲ့ သက်သေပြသွားတာဖြစ်ပါတယ်။

သူ့အနေနဲ့ ဖခင်ဖြစ်သူရဲ့ ပုံစံအတိုင်း မဖြစ်ချင်ဘဲ မိမိကိုယ်ပိုင်ကစားပုံနဲ့အတူ အမြင့်မားဆုံးအဆင့်အထိ ရောက်ရှိဖို့ ဆက်လက်ကြိုးစားသွားမဲ့အကြောင်း အင်တာဗျူးတခုမှာ ပြောခဲ့ဖူးပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013