
မန်ယူနိုက်တက် နောက်ခံလူ ပတ်ထရစ်ဒေါ်ဂူဟာ ဒဏ်ရာကြောင့် ၂ လကျော် အနားယူရနိုင်တယ်လို့ သိရပါတယ်။
ဒေါ်ဂူဟာ အာဆင်နယ်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တဂိုးသွင်းပြီး ခြေစွမ်းပြခဲ့သူပါ။
အဲဒီပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တဲ့ ဒေါ်ဂူဟာ မူလက ဒဏ်ရာမပြင်းထန်ဘူးလို့ မျှော်လင့်ခဲ့ပေမဲ့ အသေးစိတ် စစ်ဆေးအပြီးမှာတော့ မျှော်မှန်းထားတာထက် ပိုမိုပြင်းထန်ခဲ့တာပါ။
မန်ယူနိုက်တက်ဘက်က တရားဝင် သတင်းမထုတ်ပြန်သေးပေမဲ့ ဒေါ်ဂူအနေနဲ့ ၁၀ ပတ်လောက်အထိ အနားယူရနိုင်ပြီး အသင်းရဲ့ ပွဲစဉ် ၈ ပွဲလောက်ကို လွဲချော်နိုင်တယ်လို့ သိရပါတယ်။
ဒေါ်ဂူဟာ ဘယ်အစွန်နောက်ခံလူ နေရာမှာရော ဘယ်တောင်ပံမှာပါ ကောင်းမွန်စွာ ကစားနိုင်ပြီး ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ သူ့ရဲ့အရည်အသွေးကို ပြသနိုင်ခဲ့ကြောင်း နည်းပြကာရစ်က ချီးကျူးသွားပါတယ်။


