
မန်ယူနိုက်တက်နဲ့ပွဲမှာ ကိုယ်တိုင်လုပ်ခဲ့တဲ့ အမှားတွေက အပြစ်ပေးခံခဲ့ရတာဖြစ်ကြောင်း နည်းပြ မီခေးလ် အာတေတာက ပြောသွားပါတယ်။
အာဆင်နယ်ဟာ မန်ယူနိုက်တက်ကို ၃ ဂိုး ၂ ဂိုးနဲ့ အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ပြီး ကစားသမားတွေ ကိုယ်တိုင် ကျူးလွန်ခဲ့တဲ့ အမှားတွေက အရှုံးရလဒ်နဲ့ အပြစ်ပေးခံရတာဖြစ်ကြောင်း ပွဲအပြီးမှာ ပြောသွားတာပါ။
မန်ယူနိုက်တက်ရဲ့ ချေပဂိုးက ကွင်းလယ်လူ ဇူဘီမန်ဒီရဲ့ နောက်ပြန်ပေးရာကနေ အမ်ဘူမိုက သွင်းယူခဲ့တာဖြစ်ပြီး ကွန်ညာ သွင်းယူခဲ့တဲ့ အနိုင်ဂိုးမှာလည်း အာဆင်နယ်ကွင်းလယ်လူတွေရဲ့ အားနည်းချက် မကင်းခဲ့တာပါ။
အသင်းသားတွေဘက်က အကောင်းဆုံးခြေစွမ်းရရှိအောင် ကြိုးစားခဲ့ပေမဲ့ စည်းလုံးညီညွတ်မှု ကောင်းမွန်တဲ့ ပြိုင်ဘက်ကို လုံလောက်တဲ့ ထိရောက်မှုတွေ မလုပ်နိုင်ခဲ့ကြောင်း၊ ရှေ့လာမဲ့ ပွဲစဉ်တွေမှာ ပိုကောင်းအောင် ပိုပြီး ကြိုးစားကြရုံသာရှိကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။


