Home
အားကစား
ကိုဘီမိန်နူးကို စာချုပ်သစ်ချုပ်ဆိုရန် မန်ယူအသင်း ဆုံးဖြတ်
DVB
·
January 23, 2026
Photo :Reuters

မန်ယူနိုက်တက်အသင်းဟာ ဝါရင့်ကွင်းလယ်လူ ကတ်စမီရိုကို အသင်းကနေ ထွက်ခွါခွင့်ပေး လိုက်ပြီးနောက်  လူငယ်ကွင်းလယ်လူ ကိုဘီမိန်နူးကို စာချုပ်သစ်ချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ အကယ်ဒမီထွက် ကစားသမား မိန်နူးနဲ့ ၁၈ လစာချုပ်သက်တမ်းကျန်ရှိသေးသလို နောက်ထပ် တနှစ်သက်တမ်းတိုးခွင့်လည်းရှိပေမဲ့ ကစားသမားရဲ့လုပ်ခလစာကို တိုးမြှင့်ပေးချေ တာကြောင့် စာချုပ်သစ်ချုပ်ဖို့ လုပ်ဆောင်လာခဲ့တာပါ။

မိန်နူးဟာ မန်စီးတီးကို အနိုင်ရခဲ့တဲ့ မန်ချက်စတာဒါဘီမှာ အထူးခြေစွမ်းပြခဲ့ပြီး မိန်နူးအနေနဲ့ ယူနိုက်တက်ရဲ့ အနာဂတ်မှာ နေရာတနေရာ သေချာပေါက်ရရှိမှာဖြစ်ကြောင်း နည်းပြကာရစ်က မှတ်ချက်ပေး သွားပါတယ်။ 

အသက် ၃၃ နှစ်ရှိ ဘရာဇီး ကွင်းလယ်လူ ကတ်စမီရိုကတော့ အသင်းနဲ့ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ယူနိုက်တက်ဘက်က စာချုပ်သစ်ချုပ်ဆိုခြင်းမရှိခဲ့တာကြောင့်   ရာသီအကုန်မှာ  အသင်းကနေ ထွက်ခွါမယ်လို့ တရားဝင်သတင်းထုတ်ပြန်ခဲ့တာပါ။ 

Photo: Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013