
မန်ယူနိုက်တက်နဲ့ အပြောင်းအရွှေ့သတင်းတွေအပေါ် အာရုံစိုက်မှာ မဟုတ်ဘူးလို့ မာဆေးလ် နည်းပြ ဒီဇာဘီက ပြောပါတယ်။
ဘရိုက်တန်နည်းပြဟောင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့်တခု ချပြနိုင်ခဲ့ပြီး ပြင်သစ်မြေမှာလည်း မာဆေးလ်အသင်းကို စွမ်းဆောင်ရည်ကောင်းမွန်တဲ့ အသင်းတသင်းအဖြစ် တည်ဆောက်နိုင်ခဲ့တာကြောင့် မန်ယူအသင်း နည်းပြဖြစ်လာနိုင်တဲ့ စာရင်းမှာ ပါဝင်နေတာပါ။
လီဗာပူးနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ မန်ယူအသင်းနဲ့ သတင်းတွေအပေါ် သတင်းထောက်တယောက်က မေးမြန်းရာမှာ မာဆေးလ်အသင်းအပေါ်မှာပဲ အာရုံစိုက်ထားကြောင်းနဲ့ ချန်ပီယံလိဂ်လို အရေးပါတဲ့ပွဲစဉ်မတိုင်ခင် တရက်အလိုမှာ တခြားကိစ္စတွေ စဉ်းစားဖို့ အချိန်မရှိကြောင်း ဒီဇာဘီက ပြောပါတယ်။
မာဆေးလ်မှာ အစစအရာရာ အဆင်ပြေနေပြီး အနာဂတ်ကိစ္စ ဆွေးနွေးစရာရှိလာရင်လည်း သင့်တော်တဲ့အချိန်မှာ အသင်းနဲ့ ဆွေးနွေးမှာဖြစ်ကြောင်း ဒီဇာဘီက ပြောပါတယ်။
မန်ယူနိုက်တက်ဟာ ၂၀၂၄ ခုနှစ် မေလက နည်းပြတန်ဟတ်ဂ် နေရာမှာ အစားထိုးဖို့ ဒီဇာဘီကို အင်တာဗျူးပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။


