
ရာသီအကုန်မှာ မန်ယူနိုက်တက်အသင်းခေါ်ယူသင့်တဲ့ နည်းပြ ၂ ယောက်ကို အသင်းနောက်ခံလူဟောင်း ဖာဒီနန်က ရွေးချယ်သုံးသပ်သွားပါတယ်။
ယူနိုက်တက်ဟာလက်ရှိအချိန်မှာ မိုက်ကယ်ကာရစ်ကို ရာသီကုန်တဲ့အထိ ယာယီနည်းပြအဖြစ် တာဝန်ပေးအပ်ထားပြီး ရာသီကုန်ချိန်မှာ နည်းပြတယောက် ခန့်အပ်သွားဖို့စီစဉ်ထားတာပါ။
ယူနိုက်တက်အနေနဲ့ ဆာအဲလက်စ်နောက်ပိုင်းမှာ အတွေ့အကြုံရှိ နည်းပြတွေ၊ နာမည်ကြီးတွေနဲ့ လူငယ်နည်းပြတွေကို ခန့်အပ်ခဲ့ဖူးသလို အသင်းအကြောင်းကိုသိတဲ့ အသင်းဂန္ထဝင်တွေကိုလည်း ခန့်အပ်ခဲ့ကြောင်း ဖာဒီနန်ကပြောပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်မှာတော့ မိုက်တိမိုက်ကန်းနည်းပြတယောက်ကို တာဝန်ပေးသင့်ပြီး အန်တိုနီ ကွန်တီနဲ့ ဒီဇာဘီတို့ဖြစ်ကြောင်း ဖာဒီနန်ကပြောပါတယ်။
ကွန်တီဟာ ချဲလ်ဆီးနဲ့ နာပိုလီအသင်းတွေမှာ ဘယ်လိုလုပ်ဆောင်ပြခဲ့သလဲဆိုတာမြင်နိုင်သလို ဒီဇာဘီဟာလည်း ကစားပုံနဲ့ အမှတ်လက္ခဏာတခုကို အချိန်တိုအတွင်းမှာ လုပ်ဆောင်နိုင်တယ်ဆိုတာ ကလပ် ၃ သင်းနဲ့ သက်သေပြပြီးဖြစ်ကြောင်း ဖာဒီနန်က သုံးသပ်သွား ပါတယ်။
Photo: Reuters


