
မန်ယူအသင်းဟာ တိုက်စစ်မှူးဇက်ဇီးကို ရောင်းချမဲ့ အစီအစဉ်ကို ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ သိရပါတယ်။
နည်းပြအာမိုရင် လက်ထက်မှာ ဟော်လန်တိုက်စစ်မှူးကို ရိုးမားအသင်းဆီ ရောင်းထုတ်ဖို့ ပြင်ဆင်ခဲ့ပေမဲ့ နည်းပြအာမိုရင် မရှိတော့တဲ့နောက်မှာ ရောင်းချမဲ့အစီအစဉ်ကို ရုပ်သိမ်းခဲ့တာပါ။
ဒီအကြောင်းကို ရိုးမားအသင်း အားကစားဒါရိုက်တာ ရစ်ကီမက်ဆာကာက အတည်ပြုခဲ့ပြီး မန်ချက်စတာယူနိုက်တက်ဟာ နည်းပြအပြောင်းအလဲ လုပ်ဆောင်ခဲ့အပြီးမှာ အပြောင်းအရွှေ့ အားလုံးကိုပါ ပြန်လည်ရုပ်သိမ်းသွားကြောင်းနဲ့ ဇက်ဇီးကို ခေါ်ယူနိုင်ရေး မဖြစ်နိုင်တော့တဲ့ အခြေအနေဖြစ်ကြောင်း ပြောပါတယ်။
ရိုးမားအသင်းဟာ ဇက်ဇီးနဲ့ အဆင်မပြေ ဖြစ်သွားခဲ့ပြီးနောက် အက်သလက်တီကိုက အီတလီတိုက်စစ်မှူး ရက်စ်ပါဒိုရီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ ကွင်းလယ်လူ မိန်နူးကိုလည်း အသင်းမှာ ဆက်ထိန်းဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။


