
မန်ယူအသင်းဟာ နည်းပြဟောင်းဆိုးလ်ရှားကို ရာသီကုန် အချိန်အထိ ယာယီနည်းအဖြစ် တာဝန်ပေးအပ်ဖို့ နီးစပ်လာပါတယ်။
ယူနိုက်တက်ဟာ အသင်းရဲ့ ယာယီနည်းပြဟောင်း မိုက်ကယ်ကာရစ်နဲ့လည်း တွေ့ဆုံခဲ့ပြီး နည်းပြဆိုးလ်ရှားနဲ့ ထပ်မံတွေ့ဆုံဖို့ စီစဉ်ခဲ့တာပါ။
အခုနှစ် သြဂုတ်လက တူရကီကလပ် ဘက်ဆစ်တပ်နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေတဲ့ ဆိုးလ်ရှားဟာ မန်ယူနိုက်တက်ကို ၂၀၁၈ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ တာဝန်ယူခဲ့ဖူးသူပါ။
မန်ယူအသင်းဟာ နည်းပြဆိုးလ်ရှားနဲ့ ဆွေးနွေးမှုအဆင်ပြေမယ်ဆိုရင် ဇန်နဝါရီ ၁၇ ရက်မှာ ကစားရမဲ့ မန်စီးတီးနဲ့ မန်ချက်စတာဒါဘီပွဲအမီ ခန့်အပ်သွားဖို့ လုပ်ဆောင်ထားပါတယ်။
ယူနိုက်တက်ဟာ ဘန်လေနဲ့ ၂ ဂိုးစီသရေကျတဲ့ လိဂ်ပွဲစဉ်မှာ နည်းပြဖလက်ချာကို ယာယီ တာဝန်ပေးခဲ့ပြီး မနက်ဖန် ဘရိုက်တန်နဲ့ အက်ဖ်အေဖလားပွဲစဉ်ကိုလည်း ဖလက်ချာကပဲ ဆက်လက် တာဝန်ယူသွားမှာဖြစ်ပါတယ်။
Photo: Reuters


