
မန်ယူအသင်းဟာ ရာသီကုန်အထိ ခန့်အပ်သွားမဲ့ ယာယီနည်းပြအဖြစ် ဆိုးလ်ရှားနဲ့ ကာရစ်တို့ ၂ ယောက်ထဲက တယောက်ကို ရွေးချယ်သွားမယ်လို့ သိရပါတယ်။
နော်ဝေနည်းပြ ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့ သြဂုတ်လက တူရကီကလပ် ဘစ်ဆစ်တပ်နည်းပြ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတာပါ။
အလားတူ မိုက်ကယ်ကာရစ်ဟာလည်း ပြီးခဲ့တဲ့နှစ် ဇွန်လက မစ်ဒယ်ဘရော့နည်းပြတာဝန်ကနေ ထွက်ခွါလာသူဖြစ်ပြီး အသင်းလက်မဲ့ဖြစ်နေတာပါ။
မန်ယူအသင်းဘုတ်အဖွဲ့ဟာ အသင်းရဲ့ ကစားသမားဟောင်းတွေလည်း ဖြစ်သလို နည်းပြဟောင်းတွေလည်းဖြစ်တဲ့ အဆိုပါ ၂ ယောက်နဲ့ ဆွေးနွေးဖို့ မန်ချက်စတာကို ဖိတ်ခေါ် ထားပြီး တယောက်ကို ရွေးချယ်ခန့်အပ်သွားမယ်လို့ သိရပါတယ်။
ဆိုးလ်ရှားဟာ ယူနိုက်တက်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအထိ တာဝန်ယူခဲ့သူပါ။
ကာရစ်ကတော့ ယာယီနည်းပြအဖြစ် ၂၀၂၂ ခုနှစ် အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ မန်ယူအသင်းကို တာဝန်ယူခဲ့ပြီး ရလဒ်ကောင်းတွေ ရရှိခဲ့ပါတယ်။


