
မန်ယူနိုက်တက်နဲ့ အခြေအနေကောင်းတခုဖန်တီးနိုင်မယ်ဆိုရင် လာမဲ့ရာသီအထိဆက်နေဖို့ နည်းပြ မိုက်ကာရစ်က ရည်မှန်းထားပါတယ်။
ယူနိုက်ဟာ ကာရစ်ကို ရာသီကုန်အထိ ယာယီနည်းပြအဖြစ်ခန့် အပ်ထားတာဖြစ်ပေမဲ့ အခုနှစ်ရာသီထက်ပိုပြီး ခြေစွမ်းတိုးတက်လာဖို့ လုပ်ဆောင်သွားချင်ကြောင်းနဲ့ အဲဒီနောက်မှသာ ဘာဆက်ဖြစ်မလဲဆိုတာစောင့်ကြည့်သွားရမှာဖြစ်ကြောင်း ကာရစ်ကပြောပါတယ်။
လက်ရှိအချိန်မှာ မိမိကိုယ်တိုင်ထိန်းချုပ်နိုင်တာက ကစားသမားတွေကို ဘာတွေပေးမလဲဆိုတာနဲ့ အသင်သားတွေအတွက် ကောင်းမွန်တဲ့ပတ်ဝန်းကျင်ဖန်တီးပေးနိုင်ဖို့က အဓိကအာရုံစိုက်ရမဲ့ အရာ တွေဖြစ်ကြောင်း ကာရစ်ကပြောပါတယ်။
ယူနိုက်တက်အသင်းအမြဲတမ်းနည်းပြရာထူးအတွက် စိတ်ဝင်စားလားဆိုတဲ့မေးခွန်းအပေါ်မှာတော့ အသင်းနည်းပြတာဝန်အပေါ် နှစ်သက်ပြီး အကောင်းဆုံး လုပ်ဆောင်ချင်တာကြောင့် ဒီအသင်းကိုရောက်ရှိလာတာဖြစ်ပြီး လက်ရှိရာထူးမှာ ရှိနေရတဲ့အပေါ် အလွန်ဂုဏ်ယူကြောင်း ကာရစ်ကပြောသွားပါတယ်။
Photo: Reuters


