Home
အားကစား
ရွန်နီ၏သားကို ၁ နှစ်လုပ်ခ ပေါင် ၅၀,၀၀၀ ဖြင့် မန်ယူအသင်း သက်တမ်းတိုးရန် ကမ်းလှမ်း
DVB
·
February 6, 2026
Photo: Instagram

မန်ယူနိုက်တက်အသင်းဟာ ဝိန်းရွန်နီရဲ့ သားဖြစ်သူ ကိုင်ရွန်နီကို တနှစ်လုပ်ခ ပေါင် ၅၀,၀၀၀ နဲ့ သက်တမ်းတိုးဖို့ ကမ်လှမ်းသွားမယ်လို့ သိရပါတယ်။

အသင်းတိုက်စစ်မှူးဟောင်းရဲ့ သားဖြစ်တဲ့ ကိုင်ရွန်နီဟာ အသက် ၁၆ နှစ်ရှိပြီဖြစ်ပြီး အသင်းအကယ်ဒမီရဲ့ သက်တမ်းအလိုက် အသင်းတွေမှာ ပါဝင်ကစားနေသူပါ။

ယူနိုက်တက် တာဝန်ရှိသူတွေဟာ ကိုင်ရွန်နီရဲ့ ခြေစွမ်းတိုးတက်လာမှုအပေါ် အားရကျေနပ်မှု ရှိတာကြောင့် ကိုင် အပါအဝင် တခြားလူငယ်ကစားသမား ၁၄ ယောက်နဲ့အတူ သက်တမ်းတိုးဖို့ ကမ်းလှမ်းသွားမှာဖြစ်ကြောင်း The Sun သတင်းမှာ ဖော်ပြပါတယ်။

မနှစ်က ကျောင်းပြီးသွားတဲ့ ကိုင်ဟာ ဘယ်သန်တိုက်စစ်ကစားသမားဖြစ်ပြီး အသင်းရဲ့ ကမ်းလှမ်းမှုကို ဖခင်ဖြစ်သူရဲ့ ခြေရာကို နင်းနိုင်မဲ့ ခြေလှမ်းတခုအဖြစ် မီဒီယာတွေက ဖော်ပြကြပါတယ်။

ယူနိုက်တက် သက်တမ်းတိုးသွားမဲ့ ဆယ်ကျော်သက်လူငယ် ၁၄ ယောက် စာရင်းမှာ လက်ရှိ အသင်းယာယီနည်းပြ မိုက်ကယ်ကာရစ်ရဲ့ သားဖြစ်သူ ဂျက်စီကာရစ်လည်း ပါဝင်တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013