
ယာယီနည်းပြချုပ် မိုက်ကယ်ကာရစ်ရဲ့ လက်ထက်မှာ မန်ယူနိုက်တက်ရဲ့ ပြောင်းလဲမှုက မယုံကြည်နိုင်စရာကောင်းကြောင်း အသင်းဂန္ထဝင်ဝိန်းရွန်းနီက ချီးကျူးသွားပါတယ်။
ယူနိုက်တက်ဟာ နည်းပြကာရစ် လက်ထက် ပထမဆုံးပွဲစဉ်မှာ မန်ချက်စတာစီးတီးကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့သလို အာဆင်နယ်နဲ့ပွဲစဉ်မှာလည်း အဝေးကွင်းမှာ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
မန်ယူနိုက်တက်ရဲ့ ပြီးခဲ့တဲ့ ၂ ပွဲမှာ ပြောင်းလဲသွားပုံက မယုံကြည်နိုင်စရာကောင်းပြီး နည်းပြကာရစ်နဲ့ နည်းပြအဖွဲ့ဝင်တွေဟာ ချီးကျူးမှုနဲ့ ထိုက်တန်ကြောင်းရွန်းနီက ပြောပါတယ်။
ကစားသမားတွေကို ကောင်းမွန်တဲ့စိတ်ပိုင်းဆိုင်ရာ အပါအဝင် အာရုံစူးစိုက်မှုနဲ့ စည်းလုံးညီညွတ်မှုတွေ ရိုက်သွင်းပေးနိုင်ခဲ့တာက နည်းပြအာမိုရင်လက်ထက်မှာ မမြင်တွေ့ခဲ့ရတဲ့ အရာတွေလို့ ရွန်းနီက ပြောပါတယ်။
ယူနိုက်တက်အသင်းဟာ အနိုင်ရမယ်ဆိုတဲ့ ယုံကြည်မှုလည်း ရရှိနေပြီဖြစ်ကြောင်း အသင်းဟောင်းရဲ့ စွမ်းဆောင်ရည်အပေါ် ဝိန်းရွန်းနီက ချီးကျူးသွားပါတယ်။


