
မန်ယူနိုက်တက်ဟာ အသင်းကွင်းလယ်လူဟောင်း မိုက်ကယ်ကာရစ်ကို ယာယီနည်းပြအဖြစ် ရာသီကုန်တဲ့အထိ တာဝန်ပေးအပ်လိုက်ပါတယ်။
အသင်းဘက်က တရားဝင် သတင်းမထုတ်ပြန်သေးပေမဲ့ ရက်ပိုင်းအတွင်းမှာ တရားဝင် ကြေညာတော့မှာဖြစ်ကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြကြပါတယ်။
ယူနိုက်တက်ဟာ ယာယီနည်းပြရာထူးအတွက် ဆိုးလ်ရှားနဲ့လဲချိတ်ဆက် ခဲ့ပေမဲ့ ကာရစ်ကို ရွေးချယ်ခဲ့တာပါ။
အသက် ၄၄ နှစ်ရှိ ကာရစ်ဟာ နည်းပြဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်စဉ်ကလည်း ယာယီ နည်းပြအဖြစ် ခေတ္တတာဝန်ယူခဲ့ဖူးပါတယ်။
အင်္ဂလန်ကွင်းလယ်လူဟောင်းဟာ မန်ယူကနေ ထွက်ခွာပြီးနောက် ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အသင်းကို ပုံစံကောင်းရရှိအောင် နည်းပြနိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ နှစ် ဇွန်လကအသင်းနဲ့ လမ်းခွဲခဲ့သူဖြစ်ပါတယ်။
Photo:Reuters


