Home
အားကစား
ဇန်နဝါရီ အပြောင်းအရွှေ့တွင် မန်ယူနိုက်တက်အသင်း ကစားသမားသစ် ဝယ်မည်မဟုတ်
DVB
·
January 16, 2026
Photo: Manchester United

မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မှာ လူသစ်ဝယ်မှာ မဟုတ်ဘူးလို့ Sky sports သတင်းက ဖော်ပြပါတယ်။

ဒါဟာ နည်းပြအပြောင်းအလဲ လုပ်ထားပေမဲ့ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ မူဝါဒ အပြောင်းအလဲ မရှိတာကို ပြနေတာပါ။

ရေရှည်ပစ်မှတ်ထားတဲ့ ကစားသမားကို ဈေးတန်တန်နဲ့ရမှသာ လူဝယ်ဖို့အတွက် ယူနိုက်တက်အသင်းဘက်က ဆုံးဖြတ်ထားတာပါ။

ယူနိုက်တက်အသင်းဟာ ကွင်းလယ်ကစားသမားရှာနေပြီး လာမဲ့နွေရာသီ အပြောင်းအရွှေ့မှာ တယောက် ဒါမှမဟုတ် ၂ ယောက်ခေါ်ဖို့ စီစဉ်နေတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

ယူနိုက်တက်ရဲ့ ပစ်မှတ်ဖြစ်ခဲ့တဲ့ ဆမ်မန်ညိုကတော့ အခုဇန်နဝါရီ အပြောင်းအရွှေ့မှာ မန်စီးတီးအသင်းကို ပြောင်းသွားပြီဖြစ်ပါတယ်။

ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြအာမိုရင်နဲ့ ယူနိုက်တက်အသင်း တာဝန်ရှိသူတွေကြားမှာ ဒီအပြောင်းအရွှေ့ကိစ္စလည်း သဘောထားကွဲလွဲခဲ့ပါတယ်။

အာမိုရင်က ဇန်နဝါရီအပြောင်းအရွှေ့မှာ မာတီတာနဲ့ ဝဲလ်ဘက်တို့လို ပရီးမီးယားလိဂ် ဝါရင့်တိုက်စစ်မှူး တယောက်လောက် ခေါ်ချင်ပေမဲ့ အသင်းက ခွင့်မပြုခဲ့ပါဘူး။

လက်ရှိ ယာယီနည်းပြ ကာရစ်ကတော့ ကစားသမားသစ် ဝယ်ပေးဖို့ တောင်းဆိုထားတာ မရှိဘူးလို့ Sky sport က ဖော်ပြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013