
မနေ့ညကကစားသွားတဲ့ ဘောက်ဆင်ဒေး ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူနိုက်တက်က ပတ်ထရစ်ဒိုဂူရဲ့ မြေမကျကန်သွင်းတဲ့ ပထမဆုံးဂိုးနဲ့ နယူးကာဆယ်အသင်းကို အနိုင်ရသွားပါတယ်။
မန်ယူအသင်းဟာ နယူးကာဆယ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ ဒီပွဲမှာ ပွဲထွက်လူစာရင်းကို ၄ ယောက်တန်း ခံစစ်နဲ့ ပွဲထုတ်သွားတဲ့အပေါ် နည်းပြအာမိုရင်က ရှင်းလင်းပြောကြားပါတယ်။
ယူနိုက်တက်ဟာ ကာဆယ်အသင်းထက် ဘောလုံးပိုင်ဆိုင်မှုနည်းပါးခဲ့ပြီး ဂိုးကန်သွင်းချက်လည်း ၂ ဆနီးပါးလောက် ကွာဟခဲ့ပေမဲ့ အရေးပါတဲ့အနိုင် ၃ မှတ်ရယူနိုင်ခဲ့သလို အမှတ်ပေးဇယား ထိပ်ဆုံး အဆင့် ၅ နေရာမှာ ဝင်ရောက်လာပါတယ်။
နည်းပြအာမိုရင်ဟာ ခံစစ် ၄ ယောက်တန်းရဲ့ ဗဟိုခံစစ်မှာ မာတီနက်ဇ်နဲ့ လူငယ်နောက်ခံလူ အေဒင်ဟဲဗင်းကို တွဲဖက်ပြီး ဒီယေဂိုဒါးလော့နဲ့ လုခ်ရှော ညာနဲ့ ဘယ်စွန်းမှာပွဲထုတ်ခဲ့တာပါ။ အနိုင်ဂိုးသွင်းခဲ့တဲ့ ပတ်ထရစ်ဒိုဂူကို ညာတောင်ပံကစားသမားအဖြစ် အသုံးပြုခဲ့တာပါ။
ပထပိုင်းမှာ ပိုမိုအန္တရာယ်ရှိတဲ့ ဖန်တီးမှုတွေလုပ်ဆောင်နိုင်ဖိုအတွက် ခံစစ် ၄ ယောက်တန်းကို အသုံးပြုခဲ့တာဖြစ်ကြောင်း ဒိုဂူကို တောင်ပံကစားသမားအဖြစ်အသုံးပြုသွားတာက ဘောလုံးဆုံးရှုံးဖို့ စိုးရိမ်စရာမလိုဘဲ လွတ်လွတ်လပ်လပ်ကစားနိုင်လို့ ဒိုဂူအတွက် ပိုကောင်းသွား ကြောင်း အာမိုရင်က ပြောပါတယ်။
နည်းပြအာမိုရင်ဟာ မိနစ် ၆၀ ကျော်မှာ ရိုယိုကို ထည့်သွင်းပြီး ခံစစ်တန်းကို ပြောင်းလဲခဲ့သလို ဖလက်ချာနဲ့ ဖရီဒရစ်ဆန်တို့လို အကယ်ဒမီကစားသမားတွေကိုလည်း လူစားဝင် ကစားစေခဲ့ပါတယ်။
Photo: Reuters


