
အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္ထဝင်ကစားသမား ပေါလ်စခိုးက လက်ရှိမှာ မန်ယူအသင်းဟာ အဆင့်အတန်းမမီတဲ့ ကစားသမား ၂ ယောက် ၃ ယောက်ကို မှီခိုအားကိုးနေရတယ်လို့ ဝေဖန်လိုက်ပါတယ်။
သူက နောက်ခံလူ လုခ်ရှော၊ မက်ဂွိုင်းယားနဲ့ ကွင်းလယ်လူ ကက်စ်မီရိုတို့ဟာ အရင်က ကစားသမားကောင်းတွေဖြစ်ခဲ့ပေမဲ့ လက်ရှိမှာ သူတို့ရဲ့ ခန္ဓာကိုယ်တွေက လုံလောက်အောင် မသန်မာတော့သလို မမြန်တော့ဘူးလို့ ဝေဖန်ပါတယ်။
သူတို့ရဲ့ အဆင့်အတန်းက ကျသွားပြီး ပရီးမီးယားလိဂ်ရဲ့ လိုအပ်ချက်တွေနဲ့ မကိုက်ညီတော့ဘူးလို့ ပေါစခိုးက ဆိုပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ပွဲစဉ် ပွဲစဉ် ၇ ပွဲ ကစားအပြီးမှာ သုံးပွဲနိုင် တပွဲသရေ သုံးပွဲရှုံးရလဒ်နဲ့ အဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။
မန်ယူဂန္ထဝင် ကစားသမားပေါလ်စခိုးဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယား လိဂ်ဖလား ၁၁ ကြိမ်၊ ချံပီယံလိဂ်ဖလား ၂ ကြိမ် အပါအဝင် အောင်မြင်မှုအမြောက်အမြား ရရှိခဲ့သူ ဖြစ်ပါတယ်။
Photo: Reuters


