Home
အားကစား
မန်ယူနိုက်တက်နည်းပြဘဝ ပထမဆုံးနှစ်က အလွန်ခက်ခဲခဲ့ဟု အာမိုရင် ဝန်ခံ
DVB
·
October 31, 2025
Photo: Reuters

မန်ယူနိုက်တက်နည်းပြဘဝ ပထမဆုံးနှစ်ဟာ အလွန်ခက်ခဲခဲ့ကြောင်း နည်းပြအာမိုရင်က ပြောသွားပါတယ်။

ပေါ်တူဂီနည်းပြဟာ အခုတပတ် စနေနေ့မှာ ကစားမယ့် နော်တင်ဟမ်နဲ့ပွဲစဉ်မှာ မန်ယူနည်းပြဘဝ တနှစ်ပြည့်မြောက်မှာဖြစ်ပြီး အလွန်ခက်ခဲတဲ့နှစ်ကာလကို ဖြတ်သန်းခဲ့ရကြောင်း ဝန်ခံခဲ့တာပါ။

ယူနိုက်တက်နည်းပြဘဝ တနှစ်တာကာလကို ပြန်ကြည့်မယ်ဆိုရင် ခရီးရှည်ကြီးတခုလို ခံစားရပြီး အနိမ့် အမြင့်၊ အတက်အကျ အခိုက်အတန့်တွေနဲ့အတူ အလွန်ခက်ခဲခဲ့ကြောင်း နည်းပြအာမိုရင်က ပြောသွားတာပါ။

တနှစ်တာကာလအတွင်းမှာ သင်ခန်းစာတွေ ရယူနိုင်ခဲ့တာက အရေးကြီးဆုံးအချက်ဖြစ်ပြီး အခက်ခဲဆုံး အချိန်မှာတောင် မိမိယုံကြည်ရာကို ဆက်လက်ဆွဲကိုင်ပြီး ကျော်ဖြတ်နိုင်ခဲ့ကြောင်း၊ တနှစ်တာကာလအထိ ဆက်လက်တာဝန်ယူနိုင်ခဲ့တဲ့အပေါ် ဂုဏ်ယူမိပြီး ယူနိုက်တက်အသင်းမှာ နှစ်ပေါင်းများစွာ ဆက်ရှိချင်ကြောင်း နည်းပြအာမိုရင်က ပြောသွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013