
ရလဒ်မကောင်းချိန်မှာ အသင်းပူးတွဲပိုင်ရှင် ဆာဂျင်ရတ်ကလစ်ဖ်ရဲ့ ဖိအားပေးမူ တကြိမ် တခါမှ မရှိခဲ့ကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
ဘရိုက်တန်အသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ ပြီး လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိလာပြီးနောက် အသင်းပိုင်ရှင်ရဲ့ ဖိအားမရှိကြောင်း နည်းပြ အာမိုရင်က ထုတ်ဖော်ပြောသွားခဲ့တာပါ။
ယူနိုက်တက်မှာ မိမိလုပ်ဆောင်နေတာတွေနဲ့ ရလဒ် မကောင်းတာတွေအပေါ် အသင်းတာဝန်ရှိသူတွေ ဘက်ကနေ စိတ်ကသိကအောက် ဖြစ်အောင် တခါမှ လုပ်ဆောင်ဖူးခြင်းမရှိဘဲ မိမိရဲ့ လုပ်ငန်းစဉ်အပေါ် အပြည့်အဝယုံကြည်ထောက်ခံမှု ပေးခဲ့ကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
ဒါပေမဲ့ ဖိအားတွေရှိခဲ့တာက ပရိသတ်တွေကြောင့်သာဖြစ်ပြီး ပရိသတ်တွေနဲ့ ဆက်ဆံရေးက ပိုမိုခက်ခဲကြောင်း၊ ဘောလုံးမှာ တပတ်အတွင်းမှာပဲ အပြောင်းအလဲတွေရှိနိုင်ကြောင်း နည်းပြအာမိုရင်က ပြောသွားပါတယ်။




