
လီဗာပူးကိုအနိုင်ရတဲ့ပွဲစဉ်မှာ မန်ယူအသင်းရဲ့ အမြင့်ဘောကစားပုံကို ဝေဖန်သွားတဲ့ နည်းပြ အာနဲစလော့ကို မန်ယူနည်းပြအာမိုရင်က ပြန်လည်တုံ့ပြန်သွားပါတယ်။
ယူနိုက်တက်အသင်းအနေနဲ့ အခြေအနေကိုလိုက်ပြီး ကွဲပြားခြားနားတဲ့ ကစားပုံတွေကို အသုံးပြု နိုင်တာက ချီးကျူးစရာဖြစ်ကြောင်းနဲ့ နည်းပြစလော့ ဘာတွေပဲပြောနေနေ ဂရုစိုက်မှာ မဟုတ်ကြောင်း နည်းပြအာမိုရင်က ပြန်လည်တုံ့ပြန်သွားတာပါ။
လီဗာပူးနဲ့ပွဲကို ပြန်ကြည့်မယ်ဆိုရင် ယူနိုက်တက်အနေနဲ့ ပိုကောင်းအောင် ကစားနိုင်ဖို့ လိုအပ်တာမှန်ပေမဲ့ တခါတရံမှာ ပွဲအခြေအနေကို သိရှိနားလည်ဖို့ လိုအပ်ကြောင်း နည်းပြ အာမိုရင်က ပြောပါတယ်။
အသင်းအပေါ် ဘယ်သူ တဦးတယောက်ရဲ့ အကဲဖြတ်မှုမှ မလိုအပ်ဘဲ မိမိအသင်းရဲ့ အခြေအနေကို မိမိတို့ နည်းပြအဖွဲ့က အကဲဖြတ်ဆုံးဖြတ်နိုင်ကြောင်း၊ ဘောလုံးနဲ့အတူ ကောင်းမွန်စွာ ကစားနိုင်ဖို့လိုအပ်တယ်ဆိုတာလည်း သိရှိနားလည်ကြောင်း နည်းပြအာမိုရင်က ပြောသွားပါတယ်။
Photo: Reuters




