
နည်းပြအာမိုရင်လက်ထက် ပထမဆုံးအကြိမ်အဖြစ် မန်ယူအသင်းက ၃ ပွဲဆက်တိုက် အနိုင်ရလဒ် ရယူနိုင်ခဲ့ပါတယ်။
မနေ့ညက ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲမှာ မန်ယူအသင်းက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး မန်ယူနည်းပြဘဝ ပထမဆုံးအကြိမ်အဖြစ် နိုင်ပွဲဆက်မှတ်တမ်း ရရှိခဲ့တာပါ။
အောက်တိုဘာလ ၃ ရက်က ဆန်းဒါးလန်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် လီဗာပူးအသင်းကိုလည်း ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရယူခဲ့ပြီး ဘရိုက်တန်အသင်းကို ထပ်မံအနိုင်ရခဲ့တာပါ။
နောက်ဆုံး ၇ ပွဲ မှာ ၅ ပွဲအထိအနိုင်ရခဲ့တာကြောင့် မန်ယူအသင်းက အမှတ်ပေးဇယားအဆင့် ၄ နေရာအထိ တက်လှမ်းလာနိုင်ခဲ့ပါတယ်။
ဘရိုက်တန်နဲ့ပွဲမှာ ယူနိုက်တက်အသင်းက ၃ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပြီးမှာ ချေပဂိုး ၂ ဂိုးဆက်ပေး လိုက်ရလို့ စိုးရိမ်စရာဖြစ်ခဲ့ရပေမဲ့ ပွဲပြီးခါနီးမှာ အမ်ဘူမိုက အနိုင်ဂိုး ထပ်သွင်းခဲ့တာကြောင့် ၄ ဂိုး ၂ ဂိုးနဲ့ နိုင်ပွဲရခဲ့တာ ဖြစ်ပါတယ်။




