မန်ယူနိုက်တက်နဲ့ အနာဂတ်ကိစ္စသတင်းတွေအပေါ် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် က ပြန်လည်ရှင်းလင်းသွားပါတယ်။
ပေါ်တူဂီကွင်းလယ်လူဟာ မနှစ်က အသင်းကနေ ထွက်ခွာဖို့ နီးစပ်ခဲ့ပေမဲ့ အသင်းမှာ ဆက်ရှိခဲ့တာပါ။
လာမယ့်ရာသီမှာ အသင်းပြောင်းဖို့ သဘောတူညီမှုရရှိထားတယ်ဆိုတဲ့ သတင်းတွေ တွေ့မြင်နေရပြီး ကလပ်အသင်းဘက်က လုပ်ဆောင်ထားရင်တောင် မိမိရဲ့ သဘောတူညီမှု မပါဝင်ကြောင်း၊ အနာဂတ်ကိစ္စအသင်းနဲ့ ဆွေးနွေးမှာမဟုတ်ဘဲ မိမိရဲ့ အေးဂျင့်ကိုလည်း အသင်းနဲ့ ဆွေးနွေးချင်တယ် ဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှသာ လုပ်ဆောင်ဖို့ ပြောထားကြောင်း ဖာနန်ဒက်စ်က ပြောပါတယ်။
မန်ယူအသင်းမှာ ပျော်ရွှင်နေပြီး မိမိရဲ့အိပ်မက်တွေအတွက် အောင်မြင်မှုရရှိချင်သေးကြောင်း ဖာနန်ဒက်စ်က ပြောသွားပါတယ်။
ဖာနန်ဒက်စ်ကို ဆော်ဒီကလပ် အယ်လ်ဟီလာ အသင်းကခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။




