
လီဗာပူးနည်းပြဟောင်း ယာဂန်ကလော့ပ်ဟာ အသင်းကနေ ထွက်ခွါပြီးနောက် မန်ယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းတွေရဲ့ ကမ်းလှမ်းမှုတွေ ရရှိခဲ့ပေမဲ့ ပယ်ချခဲ့တယ်လို့ သိရပါတယ်။
ဂျာမန်နည်းပြရဲ့ အေးဂျင့်ဖြစ်သူ မာ့ကိုဆစ်ကီရဲ့ အဆိုအရ နည်းပြကလော့ပ်ဟာ ရတ်ဘူးလ်အသင်းတွေရဲ့ အကြီးအကဲအဖြစ် တာဝန်မယူခင်မှာ မန်ယူနဲ့ ချဲလ်ဆီးအသင်းတွေရဲ့ စုံစမ်းမေးမြန်းမှုတွေလည်း လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။
နည်းပြကလော့ပ်အနေနဲ့ အင်္ဂလန်က တခြားဘယ်အသင်းကိုမှ တာဝန်ယူဖို့ စိတ်ကူးမရှိတာကြောင့် ပယ်ချခဲ့တာဖြစ်ပြီး ဂျာမနီ၊ အင်္ဂလန်နဲ့ အမေရိကန်လက်ရွေးစင်အသင်းတွေကို တာဝန်ယူချင်တဲ့ ဆန္ဒရှိမယ်ဆိုရင် ကိုင်တွယ်ခွင့်ရမဲ့ အခြေအနေတွေ ရှိခဲ့ကြောင်း အေးဂျင့်က ပြောပါတယ်။
နည်းပြကလော့ပ်ဟာ လီဗာပူးအသင်းကို ၂၀၁၅ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ တာဝန်ယူခဲ့ပြီး နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ အမှတ်ပေးလိဂ်ဆုဖလား ရယူပေးခဲ့သလို ဥရောပချန်ပီယံလိဂ် ဆုဖလားလည်း ရယူပေးနိုင်ခဲ့ပါတယ်။


