
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ဝုဗ်အသင်းနဲ့ ဂိုးမရှိသရေကျပြီးနောက် နည်းပြချုပ် ရှောင်ဒိုက်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။
အခုရာသီအတွင်းမှာ နည်းပြတယောက်ကို ၃ ကြိမ်မြောက် ထုတ်ပယ်ခဲ့တာဖြစ်ပြီး အဲဒီမတိုင်ခင် နူနိုဆန်းတို့စ်နဲ့ ပိုစ်တီကိုဂလူ တို့ဟာလည်း နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။
လိဂ်ပွဲစဉ် ၂၂ ပွဲ ကိုင်တွယ်ခဲ့တဲ့ နည်းပြရှောင်ဒိုက်ဟာ ၁၈ မှတ်သာ ရယူနိုင်ခဲ့ပြီး ရလဒ်အပေါ် မကျေနပ်ခဲ့တဲ့ အသင်းပိုင်ရှင် မာရီနာကစ်က ထုတ်ပယ်ခဲ့တာပါ။
နည်းပြ ရှောင်ဒိုက်ရဲ့ စွမ်းဆောင်မှုတွေအတွက် ကျေးဇူးတင်ရှိပြီး အနာဂတ်မှာ အောင်မြင်မှုရ ရှိပါစေကြောင်း နော်တင်ဟမ်ဘက်က ထုတ်ပြန်ပါတယ်။
နည်းပြသစ်အဖြစ် အသင်းနည်းပြဟောင်းဖြစ်သူ ပေါ်တူဂီနည်းပြ ဗစ်တာပါရဲယားကို ပြန်လည် ခန့်အပ်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။


