
ကိုဗင်ထရီအသင်း တန်းတက်ခွင့်ရရှိမယ်ဆိုရင် နည်းပြဘဝရဲ့ အကောင်းဆုံးစွမ်းဆောင်မှု ဖြစ်လာမယ်လို့ အသင်းနည်းပြ ဖရန့်လမ်းပတ်က ပြောပါတယ်။
လမ်းပတ်ဟာ ပြီးခဲ့တဲ့ရာသီကတည်းက ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီအသင်းကို စတင်တာဝန်ယူခဲ့ပြီး အဆင့် ၁၇ နေရာကနေ တန်းတက် ပလေးအော့ဖ်ကစားခွင့် ရရှိတဲ့ အဆင့် ၅ နေရာအထိ တွန်းပို့နိုင်ခဲ့သူပါ။
အခုနှစ် ချန်ပီယံရှစ်မှာလည်း ပွဲစဉ် ၂၁ အပြီးမှာ ဒုတိယနေရာက မစ်ဒယ်ဘရော့အသင်းကို ၅ မှတ်အသာနဲ့ ဦးဆောင်ပြီး ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတာပါ။
ကိုဗင်ထရီအသင်း ဖြတ်သန်းလာတဲ့သမိုင်းက ထူးခြားပြီး လိဂ် ၂ ဆီ တန်းဆင်းခဲ့ရတဲ့တိုင် ချန်ပီယံရှစ်ဆီ တန်းပြန်တက်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ဆီပါ တန်းတက်ခွင့်ရမယ်ဆိုရင် အလွန် အံ့အားသင့်စရာကောင်းတဲ့ အောင်မြင်မှုဖြစ်သလို မိမိနည်းပြဘဝအတွက်လည်း အကောင်းဆုံး စွမ်းဆောင်နိုင်မှု ဖြစ်လာမယ်လို့ လမ်းပတ်က ပြောပါတယ်။
လမ်းပတ်ဟာ ၂၀၁၉ ခုနှစ်ကလည်း ဒါဘီအသင်းကို ပရီးမီးယားလိဂ်ဆီ တန်းတက်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။


