Home
အားကစား
အီတလီလက်ရွေးစင်နည်းပြဟောင်း စပယ်လက်တီကို ဂျူဗင်တပ်အသင်း ခန့်အပ်
DVB
·
October 31, 2025
Photo: Reuters

ဂျူဗင်တပ်အသင်းဟာ အီတလီလက်ရွေးစင်နည်းပြဟောင်း စပယ်လက်တီကို နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ပါတယ်။

အသက် ၆၆ နှစ်ရှိ ဝါရင့်နည်းပြ စပယ်လက်တီဟာ ရာထူးကနေ ထုတ်ပယ်ခံရတဲ့ နည်းပြ အီဂေါတူဒေါ နေရာမှာ အစားထိုး တာဝန်ယူမှာဖြစ်ပြီး အခုတပတ်ကစားမယ့် ခရီမိုနီနဲ့ စီးရီးအေ ပွဲစဉ်မှာ ပထမဆုံး တာဝန်ယူသွားမှာပါ။

၁၉၉၃ ခုနှစ်မှာ အမ်ပိုလီအသင်းနဲ့ နည်းပြဘဝစတင်ခဲ့တဲ့ စပယ်လက်တီဟာ ဆမ်ဒိုးရီးယား၊ ဗင်နီဇီယာ၊ အူဒီးနိစ်၊ ရိုးမား၊ ဇင်းနစ်၊ အင်တာမီလန်၊ နာပိုလီ အသင်းတွေအပြင် အီတလီအသင်းကိုလည်း ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ တာဝန်ယူခဲ့သူပါ။

စပယ်လက်တီအနေနဲ့ စီးရီးအေမှာ အဆင့် ၇ ရောက်နေပြီး ချန်ပီယံလိဂ်မှာလည်း အဆင့် ၂၅ ရောက်နေတဲ့ ဂျူဗင်တပ်အသင်းကို ရလဒ်ကောင်း ပြန်လည်ရယူဖို့ ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013