
မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဝက်စ်ဟမ်းနဲ့ တဖက်တဂိုးစီ သရေကျပြီးနောက် အာဆင်နယ်နဲ့ ၉ မှတ်အကွာ ဖြစ်သွားပေမဲ့ ပရီးမီးယားလိဂ် ချန်ပီယံလုပွဲဟာ "မပြီးဆုံးသေးဘူး" လို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။
မန်စီးတီးဟာ အာဆင်နယ်ထက် တပွဲလျော့ ကစားထားသလို လာမဲ့လမှာလည်း အာဆင်နယ်နဲ့ တိုက်ရိုက်ရင်ဆိုင်ရဖို့ ရှိနေသေးတာကြောင့် အခွင့်အရေးရှိသေးကြောင်း ဂွါဒီလိုလာက ဆိုပါတယ်။
ဂွါဒီယိုလာက အသင်းအနေနဲ့ အခွင့်အရေးတွေ အသုံးမချနိုင်တာကို ဝန်ခံခဲ့ပြီး အထူးသဖြင့် ဟာလန်းဟာ နောက်ဆုံး လိဂ် ၁၂ ပွဲမှာ ၃ ဂိုးသာ သွင်းထားနိုင်တာကြောင့်၊ ဟာလန်းရဲ့ သွင်းဂိုးတွေ ပြန်လည်လိုအပ်နေကြောင်း ထောက်ပြခဲ့ပါတယ်။
ဂွါဒီယိုလာက "ဟာလန်းလည်း သူ့ဂိုးတွေ ကျနော်တို့ လိုအပ်နေတာကို သိပါတယ်" လို့ ဆိုပါတယ်။
ချန်ပီယံလိဂ်မှာလည်း ရီးရဲလ်ကို ၃ ဂိုးပြတ် ရှုံးထားတာကြောင့် လာမဲ့ ဗုဒ္ဓဟူးနေ့ ဒုတိယအကျော့ပွဲစဉ်အတွက်လည်း အစွမ်းကုန် ကြိုးစားသွားမယ်လို့လည်းဂွါဒီယိုလာက ပြောပါတယ်။


