
လာမဲ့ ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ကစားရမဲ့ပွဲမှာသာ အမှတ်လျော့ခဲ့ရင် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် တိုက်ပွဲဟာ ပြီးဆုံးသွားလိမ့်မယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပွင့်ပွင့် လင်းလင်း ပြောကြားလိုက်ပါတယ်။
လက်ရှိမှာ မန်စီးတီးဟာ ဇယားထိပ်က အာဆင်နယ်နဲ့ ၇ မှတ်အကွာ အဆင့် ၂ နေရာမှာ ရှိနေပြီး အာဆင်နယ်ထက် ၁ ပွဲလျော့ ကစားထားရတာပါ။
ဝက်စ်ဟမ်းဟာ တန်းဆင်းဇုန်ထဲ ရောက်နေပေမဲ့ နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ထားလို့ ဂွါဒီယိုလာက ပြိုင်ဘက်ရဲ့ရုန်းအားကို သတိထားနေပါတယ်။
ဂွါဒီယိုလာက "အမှတ်လျော့ရင် အားလုံးပြီးပြီဆိုတာ ကျနော်တို့သိတယ်၊ အခုအချိန်မှာ ဒုတိယ အခွင့်အရေးဆိုတာ မရှိတော့ဘူး" လို့ ဆိုပါတယ်။
မန်စီးတီးအနေနဲ့ ဝက်စ်ဟမ်းနဲ့ပွဲအပြီး လာမဲ့ ဗုဒ္ဓဟူးနေ့မှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်ကို အိမ်ကွင်းမှာ ဆက်လက်ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။
Photo: Reuters


