
မန်စီးတီးနည်းပြ ပက်ပ်ဂွါဒီယိုလာဟာ ပရီးမီးယားလိဂ်ရဲ့ ဖေဖော်ဝါရီလအတွက် အကောင်းဆုံး မန်နေဂျာဆုကို ရသွားပါတယ်။
မန်စီးတီးအသင်းဟာ ဖေဖော်ဝါရီလထဲမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ စပါးတသင်း တည်းကို သရေကျပြီး ကျန်တဲ့ လီဗာပူး၊ ဖူလ်ဟမ်နဲ့ နယူးကာဆယ်တို့ကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အာဆင်နယ် ထက် တပွဲလျှော့ ကစားထားပြီး ၇ မှတ် အကွာနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။
ဂွါဒီယိုလာဟာ မန်ချက်စတာစီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၆ လုံး၊ ချန်ပီယံလိဂ်ဖလား တလုံးအပါအဝင် အဓိက ဆုဖလားပေါင်း ၁၈ ခု ရထားသူ ဖြစ်ပါတယ်။
သူဟာ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေကို နည်းပြခဲ့စဉ်ကလည်း အောင်မြင်မှုတွေရခဲ့တဲ့ ထိပ်တန်းနည်းပြ တယောက်ဖြစ်ပါတယ်။
Photo: Reuters


