
ချန်ပီယံပြေးလမ်းနဲ့ ပတ်သက်လို့ အာဆင်နယ်အသင်း ခြေချော်မယ်ဆိုရင် အသုံးချနိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာက ပြောပါတယ်။
လီဗာပူးအသင်းကို အမ်ဖီးလ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ချန်ပီယံပြေးလမ်းအပေါ် နည်းပြဂွါဒီယိုလာက မှတ်ချက်ပေးသွားတာပါ။
မိမိအတွေ့အကြုံအရ နောက်ဆုံး ၁၀ ပွဲက အလွန်ခက်ခဲတတ်ပြီး မိမိတို့အသင်း လုပ်ဆောင်နိုင်တဲ့ အရာက အာဆင်နယ်ကို ဖိအားပေးထားပြီး ချန်ပီယံပြေးလမ်းမှာ ဆက်ရှိနေဖို့နဲ့ အာဆင်နယ် ခြေချော်မယ်ဆိုရင် အသုံးချဖို့ ကြိုးစားရုံသာရှိကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးဟာ လီဗာပူးနဲ့မတိုင်ခင် ၉ မှတ်အထိ ပြတ်နေပေမဲ့ အနိုင်ရလဒ်ကြောင့် အာဆင်နယ်နဲ့ ရမှတ် ၆ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။


