Home
အားကစား
လူစားဝင်ပြီး ၂ ဂိုးသွင်းခဲ့သည့် တိုက်စစ်မှူးယိုကရက်စ်ကို အာဆင်နယ်နည်းပြ ချီးကျူး
DVB
·
February 8, 2026
Photo: Action Images via Reuters/Andrew Couldridge

ဆန်းဒါးလန်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ လူစားဝင်ကစားပြီး ၂ ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှူး ယိုကရက်စ်ကို နည်းပြအာတေတာက ချီးကျူးသွားပါတယ်။ 

အာဆင်နယ်ဟာ ဆန်းဒါးလန်းနဲ့ ပွဲမှာ ဂျေဆုကို တိုက်စစ်မှူးနေရာမှာ ပွဲထွက်စေခဲ့ပြီး ယိုကရက်စ်ကို ပွဲချိန်မိနစ် ၆၀ လောက်မှ ဂျေဆုနဲ့ လူစားလဲခဲ့တာပါ။

ယိုကရက်စ်ဟာ လူစားဝင်ကစားပြီး ၆ မိနစ်အကြာမှာပဲ ဂိုးစသွင်းခဲ့ပြီး ပွဲချိန် ၉၃ မိနစ်မှာ ဒုတိယဂိုးသွင်းယူနိုင်ခဲ့တာပါ။

ကစားသမားတယောက်ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာချိန်၊ အရေးပါတယ်လို့ ခံစားရချိန်နဲ့ အကောင်းဆုံးစွမ်းဆောင်နိုင်တယ်လို့ ခံစားရချိန်မှာ အမြင့်မားဆုံးစွမ်းဆောင်ရည်ရရှိနိုင်ပြီး ယိုကရက်စ်ဟာ သူ့ရဲ့အကောင်းဆုံးအချိန်ကို ရောက်နေပြီလို့ နည်းပြက ပြောပါတယ်။

ယိုကရက်စ် ခြေစွမ်းပြနိုင်ဖို့ အသင်းဖော်တွေအပြင် အသင်းရှိဝန်ထမ်းတိုင်းကလည်း ကူညီပေးဖို့ အမြဲတမ်းကြိုးစားခဲ့ကြောင်းလည်း နည်းပြအာတေတာကပြော ပါတယ်။  ဆွီဒင်တိုက်စစ်မှူးဟာ အသင်းနဲ့ ပြိုင်ပွဲစုံ ၃၁ ပွဲမှာ ၁၁ ဂိုးသွင်းယူထားပြီးဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013