
ချဲလ်ဆီးအသင်းအနေနဲ့ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ပေမဲ့ ခြေစွမ်းတိုးတက်လာကြောင်း နည်းပြ ရိုစီနီယာက ပြောပါတယ်။
အာဆင်နယ်နဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အကောင်းဆုံးကစားနိုင်ခဲ့ပြီး နာကျင်အချိန်ပိုမှာ ဂိုးပေးလိုက်ရတာက ရှုံးထွက်ပွဲစဉ်မှာ ဖြစ်လေ့ဖြစ်ထရှိကြောင်း နည်းပြရိုစီနီယာက ပြောပါတယ်။
ဒုတိယပိုင်းမှာ မိမိတို့ ကစားချင်တဲ့အတိုင်း ပွဲကို လွှမ်းမိုးကစားနိုင်ခဲ့ပေမဲ့ ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေတော့ မလုပ်ဆောင်နိုင်ခဲ့ကြောင်း နည်းပြရိုစီနီယာက ပြောပါတယ်။
ဒါပေမဲ့ နှစ်ကျော့စလုံးကို ပြန်ကြည့်မယ်ဆိုရင် အသင်းရဲ့ တိုးတက်လာမှုတွေကို ရှင်းလင်းစွာ မြင်နိုင်ကြောင်းနဲ့ တိုးတက်လာမှုကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းသွားရမှာဖြစ်ကြောင်း နည်းပြ ရိုစီနီယာက ပြောသွားပါတယ်။


