
အာဆင်နယ်ကွင်းလယ်လူ မီခေးလ်မယ်ရီနိုဟာ ခြေချောင်းရိုးကျိုးဒဏ်ရာကြောင့် ခွဲစိတ်ကုသရမှာဖြစ်ပြီး ကာလရှည်အနားယူရတော့မယ်လို့ သိရပါတယ်။
အသက် ၂၉ နှစ်ရှိ စပိန်ကွင်းလယ်လူဟာ တိုက်စစ်မှူးတွေ ဒဏ်ရာရရှိနေချိန်မှာ ကွင်းလယ်ကနေ တိုက်စစ်ကစားသမားအဖြစ် ခြေစွမ်းပြခဲ့သူ ဖြစ်ပြီး အခုနှစ်ရာသီမှာ ၃၃ ပွဲကစား ၆ ဂိုးသွင်းယူထားသူပါ။
မယ်ရီနိုအနေနဲ့ ခြေချောင်းရိုး ဒဏ်ရာကြောင့်လာမဲ့ ရက်ပိုင်းအတွင်းမှာ ခွဲစိတ်ကုသမှု လုပ်ဆောင်သွားရမှာဖြစ်ပြီး အချိန်ကာလတခုအထိ အနားယူရနိုင်တဲ့တိုင် ရာသီမကုန်ခင်မှာ ပြန်ကစားနိုင်မှာဖြစ်ကြောင်း အာဆင်နယ်ဘက်က သတင်းထုတ်ပြန်ပါတယ်။
မယ်ရီနိုဟာ မန်ယူအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ နောက်ဆုံးကစားခဲ့ပြီးလာမဲ့ ဧပြီလလောက်မှ ပြန်ကစားနိုင်ဖို့ ရှိတယ်လို့ သိရပါတယ်။


