
ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အာဆင်နယ်အသင်းက မျှော်လင့်ချက် ပြန်ပေးခဲ့ကြောင်း မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက ပြောသွားပါတယ်။
အာဆင်နယ်ဟာ မန်စီးတီးကို အမှတ်ကွာဟာချက် ပိုမိုများပြားအောင် လုပ်ဆောင်နိုင်ဖို့ အခွင့်အရေးတွေ ရရှိခဲ့ပေမဲ့ သရေပွဲနဲ့ ရှုံးပွဲတွေ ရှိခဲ့တာကြောင့် ပွဲစဉ် ၂၃ အပြီးမှာ ၄ မှတ်ပဲ အသာရတော့တာပါ။
အာဆင်နယ်ရဲ့ ခြေချော်မှုတွေက မိမိတို့အသင်းအတွက် မျှော်လင့်ချက် ပြန်လည်ရရှိစေကြောင်းနဲ့ ၂ သင်းစလုံး ခြေချော်မှုတွေ ရှိလာမယ် ဆိုတာကိုတော့ အရင်ကတည်းက ကြိုတင် မျှော်လင့်ထားပြီးသား ဖြစ်တယ်လို့ ဆေးလ်ဗားက ပြောပါတယ်။
မန်စီးတီးမှာ မိမိစတင်ရောက်ရှိချိန်ကတည်းက လီဗာပူးက ၂ ကြိမ်၊ မိမိတို့အသင်းက ၆ ကြိမ် ချန်ပီယံဖြစ်ခဲ့ပြီး အာဆင်နယ်အသင်း ချန်ပီယံဖြစ်တဲ့ အတွေ့အကြုံ မရှိသေးကြောင်း၊ လက်ရှိ အချိန်မှာတော့ အာဆင်နယ်က မိမိတို့ထက် ပိုကောင်းတဲ့ အဆင့်တခုမှာ ရပ်တည်နေကြောင်း ဆေးလ်ဗားက ထပ်လောင်းပြောသွားပါတယ်။
Photo: Reuters


