
အခုနှစ် ပရီးမီးယားလိဂ်မှာ အာဆင်နယ်အသင်း ချန်ပီယံဖြစ်မယ်ဆိုရင် သမိုင်းတလျှောက် ခြေစွမ်းအဆိုးရွားဆုံး ချန်ပီယံအသင်း ဖြစ်လိမ့်မယ်လို့ မန်ယူနိုက်တက် ဂန္ထဝင် ပေါလ်စခိုးက သုံးသပ် ပြောပါတယ်။
အာဆင်နယ်အနေနဲ့ တိုက်စစ်ပိုင်းမှာ လောက်လောက်လားလား ခြေစွမ်းပြနေတဲ့ ကစားသမား မရှိကြောင်းနဲ့ ချန်ပီယံအသင်းတွေမှာ တိုက်စစ်ပိုင်း အလွန်ထက်မြက်ကောင်းမွန်ကြောင်း မနှစ်က လီဗာပူးအသင်းရဲ့ တိုက်စစ်ကို ဥပမာပေးပြီး ပေါလ်စခိုးက ပြောပါတယ်။
အာဆင်နယ်တိုက်စစ်မှာ အကောင်းဆုံးလို့ ဆိုရမဲ့ ဆာကာတောင် စွမ်းဆောင်ရည် ကောင်းမွန်မနေဘဲ သွင်းဂိုးနဲ့ ဖန်တီးမှုစွမ်းရည်တွေ ကျဆင်းနေကြောင်း ပေါလ်စခိုးက ပြောပါတယ်။
ဒီလိုအခြေအနေတွေကြောင့် အာဆင်နယ် ချန်ပီယံဖြစ်မယ်ဆိုရင် ပရီးမီးယားလိဂ်သမိုင်းမှာ အဆိုးရွားဆုံး ချန်ပီယံအသင်း ဖြစ်လာလိမ့်မယ်လို့ ပေါလ်စခိုးက သုံးသပ်သွားခဲ့ပါတယ်။


