
လီဗာပူးအသင်းဟာ ဇန်နဝါရီ ၂၅ ရက် ညပိုင်းက ကစားသွားတဲ့ ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၂ ဂိုး ၃ ဂိုးနဲ့အရေးနိမ့်ခဲ့ပြီး ၁၃ ပွဲဆက်တိုက်ရှုံးပွဲမရှိ မှတ်တမ်း ရပ်တန့်သွားပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၇ ရက်က ပီအက်စ်ဗွီကို ချန်ပီယံလိဂ်မှာရှုံးနိမ့်ခဲ့ပြီး နောက် ၁၃ ပွဲ ဆက်တိုက်ရှုံးပွဲမရှိခဲ့တဲ့ လီဗာပူးအသင်းဟာ ဘုန်းမောက်နဲ့ အတွေ့မှာ မှတ်တမ်းကောင်း တခု ရပ်တန့်သွားခဲ့တာပါ။
အသင်းပွဲထွက်လူစာရင်းမှာ ဆာလာ ပြန်ပါဝင်လာခဲ့ပေမဲ့ အားရစရာ စွမ်းဆောင်ရည်မပြနိုင်ခဲ့တဲ့ လီဗာပူးအသင်းဟာ အပိုင်အခွင့်အရေး ၆ ကြိမ်အထိပေးခဲ့ရပြီး တကြိမ်ပဲ ပြန်ရခဲ့တာပါ။
ဒီပွဲအရှုံးကြောင့် လီဗာပူးဟာ အဆင့် ၄ နေရာမှာ ဆက်လက်ရပ်တည်နေပေမဲ့ မန်ယူနိုက်တက်က အာဆင်နယ်နဲ့ ပွဲမှာ အနည်းဆုံးသရေတမှတ်ရရှိမယ်ဆိုရင် လီဗာပူးအသင်းက ဂိုးကွာခြားချက်အရ အဆင့် ၅ နေရာကို ကျဆင်းသွားမှာ ဖြစ်ပါတယ်။


