
စပါးအသင်းဟာ ဘယ်နောက်ခံလူ ရော်ဘတ်ဆန်ကို ခေါ်ယူဖို့ လီဗာပူးအသင်းဆီ တရားဝင်ကမ်း လှမ်းထားတယ်လို့ သိရပါတယ်။
အသက် ၃၁ နှစ်ရှိ စကော့တလန်နောက်ခံလူဟာ အခုနှစ်ရာသီအကုန်မှာ လီဗာပူးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အသင်းကနေ ထွက်ခွါဖို့ ရှိနေတာပါ။
စပါးအသင်းဟာ နောက်ခံလူ ဘင်ဒေးဗီးစ် ရာသီကုန်အထိ အနားယူရဖို့ ဖြစ်လာခဲ့ပြီးနောက် ရော်ဘတ်ဆန်နဲ့ အစားထိုးဖို့ ကြိုးပမ်းလာခဲ့တာပါ။
အခုရက်ပိုင်းကမှ ဆန်းတို့စ်က အသက် ၁ ၉နှစ်အရွယ် ဘရာဇီးဘယ်နောက်ခံလူ ဆိုဇာကို ခေါ်ယူထားပေမဲ့ ပရီးမီးယားလိဂ်အတွေ့အကြုံရှိ ရော်ဘတ်ဆန်ကို ထပ်မံခေါ်ယူသွားဖို့ စပါးအသင်းက ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။
Photo:Reuters


