
ဘန်လေနဲ့ပွဲစဉ်မှာ လီဗာပူးပရိသတ်တွေရဲ့ စိတ်ပျက်မှုအပေါ် နားလည်လက်ခံကြောင်း နည်းပြ အာနဲစလော့က ပြောသွားပါတယ်။
လီဗာပူးဟာ တန်းတက်ဘန်လေကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရပေမဲ့ တဂိုးစီသရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာပါ။
ဘန်လေနဲ့ပွဲမှာ လီဗာပူးပရိသတ်တချို့ရဲ့ လှောင်ပြောင်မှုတွေလည်း ရှိခဲ့သည့်တိုင် ပရိသတ်တွေဘက်က စိတ်ပျက်လက်ပျက် ဖြစ်တယ်လို့ပဲ ခံယူထားပြီး မိမိအပါအဝင် ကစားသမား အားလုံးဟာလည်း ပရိသတ်တွေနဲ့အတူ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရကြောင်း နည်းပြစလော့က ပြောပါတယ်။
လီဗာပူးအသင်းဟာ ၁၉၈၀-၈၁ ဘောလုံးရာသီနောက်ပိုင်း တန်းတက်အသင်းတွေနဲ့ အိမ်ကွင်းပွဲစဉ် ၃ ပွဲစလုံးမှာ အနိုင်မရခဲ့တဲ့ မှတ်တမ်းဆိုးနဲ့ ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရတာပါ။
အာနဲစလော့ရဲ့အသင်းဟာ တန်းတက်ဆန်းဒါးလန်းနဲ့ အိမ်ကွင်းမှာ တဂိုးစီသရေ ကျခဲ့သလို လိဒ်ယူနိုက်တက်နဲ့လည်း အိမ်ကွင်းမှာ ဂိုးမရှိ သရေကျခဲ့ပြီး ဘန်လေနဲ့ပွဲမှာလည်း သရေပွဲထပ်မံ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။


