
လီဗာပူးနဲ့ ဂိုးမရှိသရေကျတဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းက ကြောက်ရွံ့နေတဲ့ ပုံစံနဲ့ ယှဉ်ပြိုင် ကစားသွားကြောင်း စကိုင်းစပေါ့ရုပ်သံက အစီအစဉ်တင်ဆက်သူ ရွိုင်ကိန်းက ပြောသွားပါတယ်။
အာဆင်နယ်ဟာ လီဗာပူးကို အနိုင်ရမယ်ဆိုရင် မန်စီးတီးကို ၈ မှတ်အထိ ဖြတ်ထားနိုင်မှာဖြစ်ပေမဲ့ သရေကျခဲ့တာကြောင့် ၆ မှတ်ပဲ ဆက်ပြီး အမှတ်ဖြတ်နိုင်ခဲ့တာပါ။
လီဗာပူးနဲ့ပွဲမှာ အာဆင်နယ် ကစားသမားတွေက ကြောက်ရွံ့တဲ့ပုံစံပေါ်နေပြီး သရေတမှတ်ရလဒ်နဲ့ ပေးဂိုးမရှိခဲ့တာက ရလဒ်ဆိုးတခုတော့ မဟုတ်ကြောင်း ရွိုင်ကိန်းက ပြောပါတယ်။
အမှတ်ပေးဇယားကို ၆ မှတ်ဖြတ်ပြီး ဦးဆောင်နေဖြစ်ပေမဲ့ အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ယုံကြည်မှု အားနည်းမှုတွေကတော့ နည်းပြအာတေတာအတွက် စိုးရိမ်စရာဖြစ်ကြောင်း၊ ရှေ့လာမဲ့ပွဲစဉ်တွေမှာ ပွဲကြီးပွဲကောင်းတွေက ဆက်လက်စောင့်ကြိုနေကြောင်း ရွိုင်ကိန်းက ပြောသွားပါတယ်။
Photo:Reuters


