
ခြေထောက်ကျိုးသွားစေတဲ့အထိ ဖျက်ထုတ်ခဲ့တဲ့အပေါ် အစ်ဆက်ခ်ကို တောင်းပန်စကား ပေးပိုခဲ့ကြောင်း စပါးနောက်ခံလူ ဗန်ဒီဘန်က ပြောသွားပါတယ်။
ဟော်လန်ခံစစ်မှူးဟာ အစ်ဆက်ခ်ရဲ့ ဘယ်ခြေထောက်ကို နှစ်ဖက်ညှပ်ပြီး ဖျက်ထုတ်သလို ဖြစ်သွားခဲ့တာကို ရုပ်သံပြကွက်တွေမှာ တွေ့မြင်ရမှာဖြစ်ပြီး နည်းပြစလော့နဲ့ ဖရန့်ခ်တို့ ကြားမှာလည်း အပြန်အလှန် မှတ်ချက်ပေးနေချိန်မှာ တောင်းပန်စကား ဆိုသွားခဲ့တာပါ။
အစ်ဆက်ခ်အပေါ် နာကျင်လိုတဲ့ဆန္ဒနဲ့ ဒဏ်ရာရရှိဖို့ ဆန္ဒမရှိခဲ့ဘဲ သူ့ရဲ့ကန်သွင်းချက်ကို တားဆီးဖို့ပဲ လုပ်ဆောင်ခဲ့တာကြောင့် ခြေထောက်ကျိုးစေတဲ့အထိ မရည်ရွယ်ခဲ့တာကို အစ်ဆက်ခ်ထံ စာတိုပို့ပြီး တောင်းပန်စကား ဆိုခဲ့ကြောင်း စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာ ဗန်ဒီဘန်က ပြောပါတယ်။
သူ့ရဲ့ခြေထောက်က မိမိရဲ့ ခြေထောက်နှစ်ဖက်ကြားမှာ ရောက်ရှိသွားတာက ကံမကောင်းခဲ့လို့သာ ဖြစ်ပြီး အမြန်ဆုံး ပြန်လည်သက်သာလာပါစေကြောင်း ဆန္ဒပြုတယ်လို့ ဗန်ဒီဘန်က ပြောသွားပါတယ်။


